တရားလွှတ်တော်ရှေ့နေများကောင်စီ အသိပေးကြေညာခြင်း

တရားလွှတ်တော်ရှေ့နေများကောင်စီ

အသိပေးကြေညာခြင်း

၁။      တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်ပွဲကို ၂-၈-၂၀၂၀ ရက် (တနင်္ဂနွေ) နေ့တွင် ကျင်းပမည်ဖြစ်ရာ သက်ဆိုင်ရာမဲဆန္ဒနယ်များရှိ မဲရုံများကို နံနက် ၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ပါသည်။ မဲရုံများကို ညနေ ၄:၀၀ နာရီတိတိအချိန်တွင် ပိတ်မည်ဖြစ်ပါသည်။

၂။    သို့ရာတွင် မဲရုံမပိတ်မီ မဲရုံပရဝုဏ်အတွင်း၌ ရောက်ရှိနေသော ဆန္ဒမဲမပေးရသေးသူများရှိပါက ထိုသူများအား ဆန္ဒမဲပေးချိန်ကျော်လွန်စေကာမူ ဆက်လက်ဆန္ဒမဲပေးခွင့်ပြုမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။ 

အတွင်းရေးမှူး

တရားလွှတ်တော်ရှေ့နေများကောင်စီ