တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးတက်ရောက်ခြင်း

ဘားအံ၊ ဇွန် ၈ ရက်

(၈.၆.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁:၀၀)နာရီအချိန် ကရင်ပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေး ခန်းမ၌ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး သို့ ကရင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်၊ ဒုတိယပြည်နယ် ဥပဒေအရာရှိများ၊ ဘားအံခရိုင်ဥပဒေအရာရှိနှင့် ဘားအံမြို့နယ်ဥပဒေအရာရှိတို့ တက်ရောက် ခဲ့ရာ ဘားအံမြို့ရှေ့နေများအသင်းမှ ရှေ့နေများ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)