အတွေ့အကြုံ ရှင်းလင်းပွဲ ကျင်းပပြုလုပ်

ဘားအံ၊ ဇန်နဝါရီ ၁၅ ရက်

(၁၅.၁.၂၀၂၀) ရက်နေ့ နေ့လည်(၁:၀၀)အချိန် ကရင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ ၌ ကရင်ပြည်နယ်တရားဉပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်၊ ဒုတိယပြည်နယ်ဥပဒေအရာရှိများဖြစ်သော ဒေါ်မြင့်မြင့်သန်း၊ ဒေါ်နော်သန်းသန်းငြိမ်း၊ ဦးစောစံဝင်း၊ ကရင်ပြည်နယ်တရားဉပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် My Justice မှ ဦးဖေအောင်တို့ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)