လူထုဗဟိုပြုစီမံကိန်း အစည်းအဝေးတက်ရောက်

ဘားအံ၊ ဇန်နဝါရီ ၂၈ ရက်

(၂၈.၁.၂၀၂၀) ရက်နေ့ နံနက်(၉:၀၀)အချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ လူထုဗဟိုပြုစီမံကိန်း ထပ်မံတိုးချဲ့ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူသည့် အစည်းအဝေးသို့ ကရင်ပြည်နယ်ဥပဒေချုပ်၊ ဦးစောချစ်မြင့်လေး တက်ရောက်ခဲ့ရာ  အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ ပါသည်။

(သတင်းစဉ်)