Master’s Degree and Doctoral Degree in international Programme ပညာသင်ဆုများ လျှောက်ထားနိုင်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ ရက်

သင်တန်းကာလမှာ မဟာဘွဲ့အတွက် ၂ နှစ် နှင့် ပါရဂူဘွဲ့အတွက် ၃ နှစ် ဖြစ်ပြီး ထိုင်းနိုင်ငံတွင်တက်ရောက်ရမည်ဖြစ်ပါသည်။

ပညာသင်ဆုလျှောက်ထားလိုသူများသည် သင်တန်းတစ်ခုနှင့် တက္ကသိုလ်တစ်ခုကိုသာ လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ အဆိုပြုလွှာနှင့် လိုအပ်ချက်များကို online မှ တိုက်ရိုက် ပေးပို့လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ မဟာဘွဲ့ ပညာသင်ဆုအတွက် သက်ဆိုင်ရာဘာသာရပ် မဟာဘွဲ့ သို့မဟုတ် ရိုးရိုးဘွဲ့ ရရှိထားရမည်ဖြစ်ပြီး ၊ ပါရဂူဘွဲ့ ပညာသင်ဆုအတွက် သက်ဆိုင်ရာဘာသာရပ် မဟာဘွဲ့ ရရှိထားရမည်ဖြစ်ပါကြောင်း၊ အင်္ဂလိပ်စာအရေး၊ အဖတ် ကျွမ်းကျင်ရန်နှင့် သတ်မှတ်စည်းမျဉ်းများကို လိုက်နာရန် လိုအပ်ပါကြောင်း၊ သင်တန်းစရိတ်၊ နေ့တွက်စရိတ်၊ ခရီးစရိတ်၊ စာအုပ်စာတမ်း၊ ကျန်းမာရေးနှင့် မတော်တဆမှု အာမခံကြေးစရိတ်များနှင့် နေရာထိုင်ခင်းစရိတ်များကို OHEC မှ ကျခံမည်ဖြစ်ပါကြောင်း၊ Application Form ကို ၆-၃-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ Submittion  ပြုလုပ်ရမည် ဖြစ်ပါကြောင်းနှင့် ပညာသင်ဆု နှင့်စပ်လျဉ်းသည့် အချက်အလက်များကို http://www.inter.mua.go.th တွင် ဝင်ရောက်ကြည့်ရှုလျောက်ထားနိုင်ပါသည်။