ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံတကာအစိုးရရှေ့နေအသင်း ဥက္ကဋ္ဌ Dr. Cheol-kyu Hwang အား လက်ခံတွေ့ဆုံ

နေပြည်တော်၊  ဖေဖော်ဝါရီလ  ၁၀

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် နိုင်ငံတကာ အစိုးရရှေ့နေအသင်း ဥက္ကဋ္ဌ Dr.Cheol-kyu Hwang နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၆:၁၅ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ ကိုရီးယားဥပဒေပြုရေးဝန်ကြီးဌာန၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(KOICA)နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ကိုရီးယားသမ္မတနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက် မည့်ကိစ္စရပ်များနှင့် နိုင်ငံတကာ အစိုးရရှေ့နေအသင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သီတာဦးနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းတို့ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)