ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ရှမ်းပြည်နယ်အတွင်းရှိ ဥပဒေရုံးများနှင့် ဝန်ထမ်းအိမ်ယာ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားများ တက်ရောက်ဖွင့်လှစ်

နေပြည်တော်၊ ဒီဇင်ဘာ ၉-၁၀

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ၉-၁၂-၂၀၁၉ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် တောင်ကြီးခရိုင်ဥပဒေရုံး၊ မြို့နယ်ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ယာ အဆောက်အအုံ သစ် ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁၃:၀၀ နာရီ အချိန်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်းအနားသို့ လည်းကောင်း၊ ၁၀-၁၂-၂၀၁၉ ရက်နေ့တွင် နံနက် ၁၀:၀၀ နာရီအချိန်တွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း တက်ရောက်ဖွင့်လှစ် ခဲ့ပါသည်။

          အဆိုပါဖွင့်ပွဲအခမ်းအနားများအလိုက် ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အသီးသီးဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                                                                                                                                                                    (သတင်းစဉ်)