ဆေးလိပ်ငွေ့ ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း အသိပေးရှင်းလင်းခြင်းနှင့် သင်တန်းဖွင့်ပွဲသို့ တက်ရောက်

ဘားအံ ၊ နိုဝင်ဘာလ ၂၅ ရက်

(၂၅.၁၁.၂၀၁၉) ရက်နေ့ နံနက်(၁၁:၀၀)အချိန် ဘားအံမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကို ပိုမိုသိရှိပြီး စတင် သုံးစွဲခြင်းမပြုကြရန်နှင့် သုံးစွဲပြီးသူများ သုံးစွဲမှုကျဆင်းစေရေးအတွက် ဆေးလိပ်ငွေ့ ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း အသိပေးရှင်းလင်းခြင်းနှင့် သင်တန်းဖွင့်ပွဲသို့ ကရင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းကျော်၊ ဦးစီးအရာရှိ ဒေါ်သန္တာဝင်းကျော် ၊ ဘားအံမြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးရဲဝဏ္ဏထွဋ် တို့တက်ရောက်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)