သံဃာတော်/သီလရှင်အပါး(၅၀၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲသို့ ပါဝင်လောင်းလှူ

ဘားအံ၊ နိုဝင်ဘာလ ၃၀ ရက်

(၃၀.၁၁.၂၀၁၉)ရက်နေ့ နံနက်(၆:၀၀)အချိန် ဘားအံမြို့၊ လေယဉ်ကွင်း၌ ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် စေတနာရှင်ပြည်သူများမှ ပူးပေါင်းကျင်းပသည့် သံဃာတော်/သီလရှင်အပါး(၅၀၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင် နှင့်အကွ ပြည်နယ်ရုံး/ဘားအံခရိုင်ရုံးများမှ ဥပဒေအရာရှိများ၊ ဝန်ထမ်းများ တက်ရောက် ပါဝင်လောင်းလှူခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ၊ စေတနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)