ပြည်ထောင်စုရှေ့နေချုပ်သည် UNDP မှ Resident Representative ဖြစ်သူ Mr. Gordon Johnson နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာလ ၆

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် UNDP မှ Resident Representative ဖြစ်သူ Mr. Gordon Johnson နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် UNDP အကူအညီဖြင့် ရေးဆွဲခဲ့သည့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ ပထမအကြိမ် မဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၉) အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ USAID (PRLM) ၏ အကူအညီဖြင့် ရေးဆွဲခဲ့သည့် ဒုတိယအကြိမ် မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) တွင် ချမှတ် ထားသော ပန်းတိုင် ၅ ရပ် အကောင်အထည်ဖော်မှုအပေါ် UNDP မှ ဆက်လက် ပံ့ပိုးနိုင်မည့်ကိစ္စရပ်များ၊ UNDP နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အောင်မြင်မှုများ၊ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းများအပေါ် UNDP မှ ပံ့ပိုးကူညီ ပေးနေသည့် ကိစ္စရပ်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ နည်းပညာ အကူအညီများ ဆက်လက် ပံ့ပိုးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းနှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာသီသီမြင့် တို့  တက်ရောက် ခဲ့ကြပါသည်။

                                                                                                (သတင်းစဉ်)