ပြည်ထောင်စုရှေ့နေချုပ်သည် UK’s Department for International Development (DFID) မှ Mr. Joe Rolling နှင့် IDLO မှ Country Manager Ms. Morgane Landel တို့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် ၇


ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် UK’s Department for International Development(DFID) မှ Mr. Joe Rolling နှင့် IDLO မှ Country Manager Ms. Morgane Landel တို့အား ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဥပဒေအသိပညာပေးရေးနှင့် တရားမျှတမှုကိုအားလုံးလက်လှမ်းမီ ရေးလုပ်ငန်းများတွင် တရားဥပဒေစိုးမိုးရေး စင်တာများကပါဝင်ဆောင်ရွက်နေသည့် အခြေအနေ များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေး စင်တာများအတွက် DFID မှ ရန်ပုံငွေ ပံ့ပိုးကူညီမည့်အစီအစဉ်၊ ဥပဒေ ရေးရာ ဆွေးနွေးပွဲများနှင့် နယ်လှည့်သင်တန်းများ တိုးချဲ့ဆောင်ရွက်ရေးကိစ္စ၊ IDLO နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး တို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦးနှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာသီသီမြင့်တို့ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)