နေပြည်တော်၊ ဖေဖော်ဝါရီ ၁
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် IDLO မှ ဌာနေညွှန်ကြားရေးမှူး ဖြစ်သူ Ms. Morgane Landel နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၁၄:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် IDLO တို့အကြား ၂၆-၁-၂၀၁၆ ရက် နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရေး၊ ဥပဒေအသိပညာပေးရေး လုပ်ငန်းများတွင် ဥပဒေရုံးများအပါအဝင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ ပိုမိုပါဝင်ဆောင် ရွက်နိုင်ရေး၊ UNDP နှင့် IDLO ဖွင့်လှစ်ထားသည့် တရားဥပဒေစိုးမိုးရေး စင်တာများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား မြို့တို့အပြင် မိုးကုတ်၊ ပြင်ဦးလွင်၊ ကျိုင်းတုံ၊ ဗန်းမော်မြို့နယ်များ၌ ဥပဒေအသိပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ တရားဥပဒေ စိုးမိုးရေး စင်တာများ၏ လုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်းနှင့် ဒေသခံပြည်သူများ၏ လိုအပ် ချက်နှင့်ကိုက်ညီမည့် အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရေး၊ ၂၀၁၉ ခုနှစ်မှ စတင်မည့် စီမံကိန်းလုပ်ငန်း ဒုတိယအဆင့်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက် မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် နှင့် ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါက်တာသီတာဦး၊ ဒေါက်တာဆွေဆွေအောင်တို့ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)