
တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အဋ္ဌမအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ ၁၁ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အဋ္ဌမအကြိမ်အစည်းအဝေးကို အွန်လိုင်းစနစ်ဖြင့် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ ဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေး၌ ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများကို တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့ပြင်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်သောအကြံဉာဏ်များ ရယူနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သည့်...