ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့ပူးပေါင်း၍ ဆောင်ရွက်မည့် မြန်မာ့ ဥပဒေသတင်းအချက်အလက်စနစ် ( Myanmar Law Information System) ထူထောင်ရေး ရှင်းလင်းဆွေးနွေ

 

နေပြည်တော် ၊ ဇူလိုင် ၁၁

          ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့ပူးပေါင်း၍ ဆောင်ရွက်မည့် မြန်မာ့ ဥပဒေသတင်းအချက်အလက်စနစ်  (Myanmar Law Information System) ထူထောင်ရေးနှင့်စပ်လျဉ်း၍ ကိုရီးယားနိုင်ငံ အစိုးရဥပဒေပြုဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) တာဝန်ရှိသူများသည် ယနေ့ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေး၌ KIOCA ဘက်မှ ပြည်ထောင်စုရှေ့နေချုပ်ရုံး ၊ မြန်မာ့ ဥပဒေသတင်း အချက်အလက် စနစ် ( Myanmar Law Information System) ကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက် နေ့မှစ၍ ဆောင်ရွက်မည့်ပုံစံအဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ပါသည်။
          မြန်မာ့ ဥပဒေသတင်းအချက်အလက် စနစ် ( Myanmar Law Information System) ထူထောင်ရေးကို  ၂၀၁၈ ခုနှစ် မေလတွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းစနစ်အား လွှင့် တင်ပြီးသွားပါက အများပြည်သူများသည် မိမိတို့သိရှိလိုသော မြန်မာနိုင်ငံတွင် ပြဌာန်း ပြီးသော ဥပဒေ၊ နည်းဥပဒေများကို  ဝန်ကြီးဌာနအလိုက်သော်လည်းကောင်း၊  ဥပဒေဆိုင်ရာ အချက်အလက်အလိုက်သော်လည်းကောင်း အဆိုပါ ဝက်ဆိုက်နှင့် မိုဘိုင်း ဖုန်းများမှတစ်ဆင့် အလွယ်တကူရှာဖွေသိရှိနိုင်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို အထောက် အကူပြုစေရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိ ရပါသည်။
      အဆိုပါတွေ့ဆုံပွဲသို့   ဒုတိယရှေ့နေချုပ်   ဦးဝင်းမြင့်၊  အမြဲတမ်းအတွင်းဝန်  ဒေါ်နုနုယဉ်၊  ညွှန်ကြားရေးမှူးချုပ်များ၊   ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ မြန်မာ့ဥပဒေသတင်းအချက်အလက် စနစ်တည်ထောင်ရေးလုပ်ငန်း ဦးဆောင်ကော်မတီဝင်များလည်း  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)