ပြည်ထောင်စုရှေ့နေချုပ်က International Institute for Democracy and Electoral Assistance မှ အကြီးအကဲဖြစ်သူ Mr. Mark Mcdowell အား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ ဇွန် ၁၆

              ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် International Institute for Democracy and Electoral Assistance မှ အကြီးအကဲဖြစ်သူ Mr. Mark Mcdowell ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

              ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် IDEA က ကူညီဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် မည့်ကိစ္စများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေရေးရာကိစ္စရပ်များ၌ IDEA က ပညာရပ်ဆိုင်ရာအကြံပြုချက်များ ပံ့ပိုးကူညီမည့်ကိစ္စ၊ ဖက်ဒရယ်စနစ်၏ အခြေခံမူများနှင့် ကျင့်သုံးဆောင်ရွက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကိစ္စ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ ဥပဒေများစိစစ်ရေးဦးစီးဌာနမှ ဥပဒေအရာရှိများအတွက် ဖယ်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာသင်တန်းများပို့ချပေးနိုင်ရေးကိစ္စ၊ ဖက်ဒရယ် ပြည်ထောင်စုစနစ် တွင် ရှေ့နေချုပ်ရုံး၏ အခန်းကဏ္ဍနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

              တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေတို့လည်း တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)