ရုံးဝန်ထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ် ၁/၂၀၂၀ ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

ဘားအံ၊ မတ် ၇ ရက်

 

(၇.၃.၂၀၂၀)ရက်နေ့မှ (၈.၃.၂၀၂၀)ရက်နေ့ထိ  ကရင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ရုံးဝန်ထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ် ၁/၂၀၂၀ ဖွင့်လှစ်ခြင်းအခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်တို့ တက်ရောက်ခဲ့ရာ ကရင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ဒုတိယပြည်နယ်ဥပဒေအရာရှိများ၊ ဘားအံခရိုင်ဥပဒေရုံးမှ ခရိုင်ဥပဒေအရာရှိ၊ ဘားအံမြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိနှင့် ပြည်နယ်/ခရိုင်/ မြို့နယ်ဥပဒေရုံးများမှ ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)