ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနား တက်ရောက်

ဘားအံ၊ ဖေဖော်ဝါရီလ ၂၀ ရက်

(၂၀.၂.၂၀၂၀) ရက်နေ့ မွန်းလွဲ(၁:၀၀)အချိန် ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း၊ ပညာရတနာခန်းမ၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားတွင် ဘားအံခရိုင်ဥပဒေရုံး၊ ဦးစီးအရာရှိ ဒေါ်နှင်းအိအိစိုးမှ ပါဝင်ဟောပြောခဲ့ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိခဲ့ပါသည်။

                                                                                                          ( သတင်းစဉ် )