အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုရှေ့နေချုပ်ရုံး

(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။      ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာ ၅ လုံးနှင့် ဂိုဒေါင် ၁ လုံး တို့အား ဆောက်လုပ်မည်ဖြစ်ပါ၍ နိုင်ငံသားလုပ်ငန်းရှင်များ မည်သူမဆို အောက်ပါလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က)     ဒက္ခိဏခရိုင်ဥပဒေရုံးဝန်ထမ်းအိမ်ရာ           (၁၀၆x၄၂x၃၆) RC ၄ ခန်းတွဲ ၃ ထပ်       Lot 1

()       ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံးဝန်ထမ်းအိမ်ရာ     (၅၈x၃၆x၂၄)   RC ၂ ခန်းတွဲ ၂ ထပ်         Lot 2

()       ဥတ္တရသီရိမြို့နယ်ဥပဒေရုံးဝန်ထမ်းအိမ်ရာ   (၅၈x၃၆x၂၄)   RC ၂ ခန်းတွဲ ၂ ထပ်         Lot 3

()     ပုဗ္ဗသီရိမြို့နယ်ဥပဒေရုံးဝန်ထမ်းအိမ်ရာ       (၅၈x၃၆x၂၄)   RC ၂ ခန်းတွဲ ၂ ထပ်         Lot 4

(င)       ဒက္ခိဏသီရိမြို့နယ်ဥပဒေရုံးဝန်ထမ်းအိမ်ရာ (၅၈x၃၆x၂၄)   RC ၂ ခန်းတွဲ ၂ ထပ်         Lot 5

(စ)       ပြည်ထောင်စုရှေ့နေချုပ်ရုံးဝန်းအတွင်း       (၂၀x၈၀x၁၂)    RC တစ်ထပ် ဂိုဒေါင်         Lot 6

၂။       အိတ်ဖွင့်တင်ဒါ လျှောက်ထားရာတွင် သတ်မှတ်ထားသည့် အိတ်ဖွင့်တင်ဒါပုံစံဖြင့်သာ လျှောက်ထားရမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါပုံစံများကို အောက်ပါအစီအစဉ်အတိုင်း ရောင်းချသွားမည် ဖြစ်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုချင်းစီအတွက် တင်ဒါပုံစံတစ်စောင်စီ ပေးသွင်းရမည် ဖြစ်ပါသည်-

တင်ဒါပုံစံစတင်ရောင်းချမည့်ရက်                         –            ၂၂-၁၁-၂ဝ၁၉

တင်ဒါပုံစံနောက်ဆုံးထား၍ပေးသွင်းရမည့်ရက်နှင့်   –         ၁၄-၁၂-၂ဝ၁၉

အချိန်                                                                    –         (၁၆:၀၀)နာရီ

တင်ဒါပုံစံရောင်းချမည့်နေရာနှင့်တင်ဒါပေးသွင်း      –         ထောက်ပံ့နှင့်အဆောက်အအုံဌာနခွဲ

ရမည့်နေရာ                                                                    စီမံရေးရာဦးစီးဌာန

                                                                                     ပြည်ထောင်စုရှေ့နေချုပ်ရုံး

                                                                                    နေပြည်တော် 

၃။      နည်းပညာအဆိုပြုလွှာ(Technical) အောင်မြင်သည့် ကုမ္ပဏီများကိုသာ ငွေကြေးအဆိုပြုလွှာ (Financial Proposal) တင်သွင်းခြင်းကို လက်ခံမည်။

၄။      အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နေပြည်တော် ဖုန်း-၀၆၇-၄၀၄၁၄၆၊ ၀၆၇-၄၀၄၂၈၂ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

ပြည်ထောင်စုရှေ့နေချုပ်ရုံး