ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက် ဆက်လက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်

ဘားအံ ၊ ဧပြီ ၅ ရက်

       (၅.၄.၂၀၁၉) ရက်နေ့ နံနက်(၉:၀၀)အချိန် ဘားအံမြို့၊ ဟိုတယ်သံလွင်ပါရာဒိုက်စ်၊ သံလွင်ခန်းမ ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက် ဆက်လက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ကရင်ပြည်နယ် ဥပဒေချုပ်ရုံးမှ လက်ထောက်ပြည်နယ်ဥပဒေအရာရှိ ဒေါ်အိဖြိုးခိုင် တက်ရောက်ခဲ့ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 (သတင်းစဉ်)