စည်ပင်သာယာရေးအဖွဲ့ ဉပဒေ၊နည်းဉပဒေများနှင့်သက်ဆိုင်သည့် အကြောင်းအရာများ သင်တန်းပို့ချ

ဘားအံ၊ ဧပြီ ၈ ရက်

       (၈.၄.၂၀၁၉) ရက်နေ့မှ (၁၂.၄.၂၀၁၉) ရက်နေ့ထိ ဘားအံမြို့၊ ကရင်ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ အစည်းအဝေးခန်းမ၌ အလုပ်ခွင်သင်တန်းအမှတ်စဉ်-၁/၂၀၁၉ တွင် ကရင်ပြည်နယ် ဥပဒေချုပ်ရုံးမှ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဒေါ်နော်သန်းသန်းငြိမ်းသည် ကရင်ပြည်နယ် စည်ပင် သာယာရေးအဖွဲ့ ဉပဒေ၊နည်းဉပဒေများနှင့်သက်ဆိုင်သည့် အကြောင်းအရာများ သင်တန်းပို့ချခဲ့ရာ သက်ဆိုင်ရာ ဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)