မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်

ဘားအံ၊ ဧပြီ ၁၆ ရက်

       (၁၆.၄.၂၀၁၉) ရက်နေ့ ညနေ(၆:၀၀)အချိန် အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်းရှိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ဘားအံမြို့၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင်  ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေးမှ မဏ္ဍပ်အလှပြိုင်ပွဲ နှစ်သိမ့်ဆု ရရှိသူများအားဆုချီးမြှင့်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)