(၄၉)ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုဆရာဖြစ်(နည်းပြ)သင်တန်းဆင်းပွဲတက်ရောက်

ဘားအံ ၊ ဧပြီ ၁၁ ရက်

       (၁၁.၄.၂၀၁၉)ရက်နေ့ နံနက်(၈:၀၀)နာရီအချိန် ဘားအံမြို့၊ ကရင်ကျောင်းသားများရိပ်သာ၌ (၄၉)ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုဆရာဖြစ်(နည်းပြ) သင်တန်းဆင်းပွဲတွင် ပြည်နယ် ဥပဒေချုပ် ဦးစောချစ်မြင့်လေးမှ ဆုရရှိသူ သင်တန်းသားအား ဆုချီးမြှင့်ခဲ့ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိခဲ့ပါသည်။

(သတင်းစဉ်)