ခရိုင်/မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ရုံးခန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဘားအံ၊ ဧပြီ ၁ ရက်

       (၁.၄.၂၀၁၉) ရက်နေ့ မွန်းလွဲ(၁:၃၀)အချိန် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၀င်း၌ ခရိုင်/မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ရုံးခန်း ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ဘားအံခရိုင်ဥပဒေအရာရှိ ဦးစောစံဝင်းတို့ တက်ရောက်ခဲ့ရာ ခရိုင်/မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဝင် များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)