ပြည်ထောင်စုရှေ့နေချုပ်သည် အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E Mr. Ronen Gilor အား လက်ခံတွေ့ဆုံ

နေပြည်တော်၊   မတ်   ၂၉

29

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E  Mr.Ronen Gilor အား ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင် အစ္စရေးနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဥပဒေစနစ် ကျင့်သုံးမှု တူညီသည့် နိုင်ငံများဖြစ်ကြောင်း၊ နည်းပညာအသုံးပြု၍ ကျူးလွန်သည့်ပြစ်မှုများ တိုးပွား လျက်ရှိရာ ဥပဒေအရာရှိများ၏ တရားစွဲနှင့် အမှုလိုက်လုပ်ငန်း စွမ်းရည်များ မြင့်မားရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စျေးကွက်စီးပွားရေး စနစ်နှင့် လိုက်လျောညီထွေစွာ ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်း လျက်ရှိကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ငန်း နယ်ပယ်နှင့် ဘာသာရပ်အလိုက် ကျွမ်းကျင်မှုများ ရရှိစေရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲနှင့် သင်တန်းများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လျက် ရှိပါကြောင်း၊ ဥပဒေရေးရာနှင့် တရားမျှတမှုကဏ္ဍ တိုးတက်ကောင်းမွန်ရေးအတွက် နှစ်နိုင်ငံ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်မည်ဖြစ်ကြောင်း အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြပါသည်။

       အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါ်ခင်ချိုအုန်းနှင့် ဒေါက်တာသီတာဦး တို့ တက်ရောက် ခဲ့ကြပါသည်။

                   (သတင်းစဉ်)