မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများ လက်စွဲစာအုပ် မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

တောင်ကြီး ၊ မတ် ၁၅ ရက်

     ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် UNDP, IDLO, UKaidတို့ ပူးပေါင်း၍ (Launching Ceremony of Fair Trial Standards Guidebook) မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများ လက်စွဲစာအုပ်မိတ်ဆက်ခြင်းအခမ်းအနားကို ၁၅.၃.၂၀၁၉ ရက်နေ့နံနက် ၀၈:၀၀ နာရီ အချိန်တွင် ရှမ်းပြည်နယ်တောင်ကြီးမြို့၊မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ရှမ်းပြည်နယ်တရားလွှတ်တော်၊တရားသူကြီးချုပ် ဦးကြွယ်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)