အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ ရင်ခွင်ပိုက် နေ့ကလေးထိန်းဌာန ဖွင့်လှစ်

နေပြည်တော်၊    မတ်    ၈

          အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး ၌ ရင်ခွင်ပိုက် နေ့ကလေးထိန်းဌာနကို ယနေ့ နံနက် ၁၁:၃၀ နာရီ အချိန်တွင် ဖွင့်လှစ်ခဲ့ပါသည်။

           ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ အသက် ၃ လ နှင့် ၃ နှစ်ကြားရှိ ရင်ခွင်ပိုက်ကလေးများ ဘက်စုံဖွံ့ဖြိုးရေးအတွက် စနစ်တကျ ပြုစုပျိုးထောင် နိုင်ရန်နှင့် မိခင်ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို စိတ်အေးချမ်းစွာဖြင့် တာဝန် ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ရည်ရွယ်ပြီး ရင်ခွင်ပိုက် နေ့ကလေးထိန်းဌာနကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါဌာနကို လူမှုဝန်ထမ်းဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ တည်ထောင် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းနှင့် လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်း၌ သင်တန်း တက်ရောက်ခဲ့သည့် ဆရာမများက ရင်ခွင်ပိုက် ကလေးများကို ပြုစုစောင့်ရှောက် သွားမည် ဖြစ်ကြောင်း  သိရှိရပါသည်။

(သတင်းစဉ်)