ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ နှင့် မြို့ပေါ်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင်ဥပဒေအသိပညာပေးဆွေးနွေးခြင်း

ဘားအံ၊ ဖေဖော်ဝါရီ ၁၉

 

       (၁၉.၂.၂၀၁၉) ရက်နေ့ နံနက်(၉:၀၀)အချိန် ကော့ကရိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ နှင့် မြို့ပေါ်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော့ကရိတ်ခရိုင်ဥပဒေ အရာရှိ ဒေါ်မြင့်မူမှ ဥပဒေအသိပညာပေးဆွေးနွေးခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)