ပြည်နယ်ဥပဒေချုပ်ရုံးဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်

ဘားအံ၊ ဖေဖော်ဝါရီ ၁၉

 

(၁၉.၂.၂၀၁၉) ရက်နေ့ နံနက်(၁၀:၄၉)အချိန် ဘားအံမြို့၊ ပြည်နယ်ဥပဒေချုပ်ရုံးဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်မြေနေရာ၊ ကြာအင်းတောင်ခြေ၌ ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ လေးခန်းတွဲနှစ်ထပ် ဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားတွင် ကရင်ပြည်နယ် ဥပဒေအရာရှိ ဦးရဲလွင်မှ ပန္နက်ချခြင်း၊ အုတ်မြစ်ချခြင်း၊ နံ့သာရည်ပက်ဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)