ပိုးမွေးမြူခြင်းနှင့် အရည်အသွေးမြှင့်ပိုးချည်မျှင်ထုတ်လုပ်သည့် နည်းပညာမိတ်ဆက်ဖြန့်ဖြူးမှု အခမ်းအနား တက်ရောက်

ဘားအံ၊ ဖေဖော်ဝါရီ ၂၁

       (၂၁.၂.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ဘားအံမြို့နယ်၊ အိန္ဒု-မော်လမြိုင်ကားလမ်းဘေးရှိ ကမော့ကပိုမျိုးသန့်ခြံ၌ ပိုးမွေးမြူခြင်းနှင့် အရည်အသွေးမြှင့်ပိုးချည်မျှင်ထုတ်လုပ်သည့် နည်းပညာမိတ်ဆက်ဖြန့်ဖြူးမှု အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး တက်ရောက်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် JICA၊ ဂျပန်နိုင်ငံ Daimatsu Co,.Ltd မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)