မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပပြုလုပ်

ဘားအံ၊ ဖေဖော်ဝါရီ ၁၉

      (၁၉.၂.၂၀၁၉) ရက်နေ့ ညနေ(၃:၀၀)အချိန် ဘားအံမြို့၊ ပြည်နယ်သီရိကွင်း၌ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး တက်ရောက်ခဲ့ပြီး နှစ်သိမ့်ဆု ရရှိသောအဖွဲ့အား ဆုချီးမြှင့်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအဖွဲ့များ၊ ဘားအံ မြို့ပေါ်ရပ်ကွက်များ၊ တက္ကသိုလ်များ၊ အသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)