ပြည်နယ်ဥပဒေချုပ်ရုံးဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်

ဘားအံ၊ ဖေဖော်ဝါရီ ၁၉

       (၁၉.၂.၂၀၁၉) ရက်နေ့ နံနက်(၁၀:၄၉)အချိန် ဘားအံမြို့၊ ပြည်နယ်ဥပဒေချုပ်ရုံးဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်မြေနေရာ၊ ကြာအင်းတောင်ခြေ၌ ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ လေးခန်းတွဲနှစ်ထပ် ဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားတွင် ကရင်ပြည်နယ် ဥပဒေချုပ် ဦးစောချစ်မြင့်လေးမှ ပန္နက်ချခြင်း၊ အုတ်မြစ်ချခြင်း၊ နံ့သာရည်ဖြင့် ပက်ဖြန်းခြင်းများပြုလုပ်ခဲ့ရာ ပြည်နယ်ဥပဒေအရာရှိနှင့်တကွ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်း များနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)