ဗိုလ်ချုပ်မွေးနေ့ကျင်းပခြင်း အထိမ်းအမှတ် ပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသူများအား ဆုချီးမြှင့်

ဘားအံ၊ ဖေဖော်ဝါရီ  ၁၃

       (၁၃.၂.၂၀၁၉) ရက်နေ့ နံနက်(၈:၀၀)အချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ လွတ်လပ်ရေးနေ့ ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ ကရင်ပြည်နယ် ဥပဒေချုပ် ဦးစောချစ်မြင့်လေး တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်မွေးနေ့ကျင်းပခြင်း အထိမ်းအမှတ် ပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသူများအား ဆုချီးမြှင့်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)