လူကူးကြိုးတံတား(အိမ်မက်တံတား)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ဘားအံ၊ ဖေဖော်ဝါရီ ၂

       (၁၂.၂.၂၀၁၉) ရက်နေ့ နံနက်(၉:၀၀)အချိန် ဘားအံမြို့၊ သံလွင်မြစ်အနောက်ဘက်ကမ်းရှိ မုက္ကဒိကျေးရွာနှင့် သံလွင်မြစ်ရေလယ်၊ ဖားနွဲ့ကျွန်းပေါ်ရှိ ဖားနွဲ့ကျွန်းကျေးရွာတို့ကို ဆက်သွယ်သော မုက္ကဒိ-ဖားနွဲ့ကျွန်း၊ လူကူးကြိုးတံတား(အိမ်မက်တံတား)ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး တက်ရောက်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)