ပြည်ထောင်စုရှေ့နေချုပ်သည် ဥရောပ သမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Khristian Schmidt နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊    မတ်    ၇

       ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဥရောပ သမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး  H.E. Mr. Khristian Schmidt နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၀:၃၀ နာရီ အချိန် တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင် ဥရောပသမဂ္ဂ၏ ရန်ပုံငွေဖြင့် MyJustice အဖွဲ့က အကောင်အထည် ဖော် ဆောင်ရွက်နေသည့် တရားမျှတမှုဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့်  ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်တိုးမြှင့် ဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ်များ၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှု တိုးတက်ကောင်းမွန်ရေး အတွက် ရှေ့နေများ၏ ပါဝင်မှု အခန်းကဏ္ဍနှင့် တရားလွှတ်တော် ရှေ့နေများကောင်စီ အက် ဥပဒေကို ပြင်ဆင်ဆောင်ရွက်နေမှုများ၊ အမုန်းစကားများ ကာကွယ်တားဆီးရေး ဥပဒေကြမ်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းတို့ကို ရေးဆွဲရာတွင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စံနှုန်းများနှင့် ညီညွတ်စေရေးအတွက် အလေးထား ဆောင်ရွက်မည့် ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

       အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးတို့  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)