စီမံရေးရာကိစ္စရပ်များ၊ တရားစွဲအမှုလိုက်လုပ်ငန်းကိစ္စရပ်များ နှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပပြုလုပ်

ကော့ကရိတ်၊ ဇန်နဝါရီ ၂၀

       (၂၀.၁.၂၀၁၉) ရက်နေ့ နံနက်(၁၃:၀၀)အချိန် ကော့ကရိတ်ခရိုင်ဥပဒေရုံး၌ ခရိုင်ကြီးကြပ်မှု အောက်ရှိ ကော့ကရိတ်မြို့နယ်ဥပဒေရုံးနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ဥပဒေရုံးများမှ မြို့နယ်ဥပဒေအရာရှိ များအား စီမံရေးရာကိစ္စရပ်များ၊ တရားစွဲအမှုလိုက်လုပ်ငန်းကိစ္စရပ်များ နှင့်စပ်လျဉ်းသည့် အစည်းအဝေးပြုလုပ်ခဲ့ရာ ကော့ကရိတ်ခရိုင်ဥပဒေအရာရှိ၊ ကော့ကရိတ် မြို့နယ်ဥပဒေအရာရှိနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ဥပဒေအရာရှိတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 (သတင်းစဉ်)