၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပထမအကြိမ် လက်ရက်ကန်း(၆)လသင်တန်း ဆင်းပွဲနှင့် ဒုတိယအကြိမ်လက်ရက်ကန်း(၆)လသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ဘားအံ၊ ဇန်နဝါရီ ၅

       (၅.၁.၂၀၁၉) ရက်နေ့ နံနက်(၈:၃၀)အချိန် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ပြုလုပ်သော ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပထမအကြိမ် လက်ရက်ကန်း(၆)လသင်တန်း ဆင်းပွဲနှင့် ဒုတိယအကြိမ်လက်ရက်ကန်း(၆)လသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ် ဥပဒေချုပ် ဦးစောချစ်မြင့်လေး တက်ရောက်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာမများနှင့် ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)