ကရင်နှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ရိုးရာဂျပ်ခုတ်ပြိုင်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ဘားအံ၊ ဇန်နဝါရီ ၅

       (၅.၁.၂၀၁၉) ရက်နေ့ နံနက်(၁၀:၀၀)အချိန် ဘားအံမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သော ကရင်နှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ရိုးရာဂျပ်ခုတ်ပြိုင်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်၊ ဦးစောချစ်မြင့်လေး တက်ရောက်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာမများ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)