မြို့နယ်ဥပဒေရုံးများဆောက်လုပ်ရန် တင်ဒါအောင်ကုမ္ပဏီများနှင့် သဘောတူ စာချုပ်ချုပ်ဆိုပွဲနှင့် (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းတွင် ပါ၀င်ဆောင်ရွက်ခဲ့ကြသော ၀န်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

လွိုင်ကော်၊ ဇန်နဝါရီ ၂၇

 

 

 

 

 

 

       ကယားပြည်နယ်အတွင်းရှိ ဘောလခဲမြို့နယ် ဥပဒေရုံး ၊ ဖရူဆိုမြို့နယ်ဥပဒေရုံး ၊ ရှားတောမြို့နယ်ဥပဒေရုံးများ ဆောက်လုပ်ခြင်း ၊ ခြံစည်းရိုးကာရံ ခြင်းလုပ်ငန်းများဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ထူးဝေလင်းကုမ္ပဏီ ၊ ကောင်းစုလျှန်ကုမ္ပဏီတို့နှင့် လုပ်ငန်းအပ်နှံခြင်းစာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးပွဲနှင့် (၆၇)နှစ် မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ဌာနဆိုင်ရာပြခန်းများပြသရာတွင် ပြည်နယ်ဥပဒေချုပ် ရုံးပြခန်းအတွက် ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ ၊ ပြခန်းတွင်တက်ကြွစွာတာ၀န် ထမ်းဆောင်ခဲ့ကြသော ပြည်နယ်အတွင်းရှိ ဥပဒေရုံး အသီးသီးမှ ဥပဒေအရာရှိများ ၊ ရုံး၀န်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို (၂၇-၁-၂၀၁၉) ရက်နေ့ (တနင်္ဂနွေနေ့) နံနက်(၀၉:၃၀)အချိန် ကယားပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်ဥပဒေအရာရှိ ၊ ကယားပြည်နယ် ဥပဒေချုပ်ရုံးလက်အောက်ရှိ ဥပဒေအရာရှိများ ၊ ရုံး၀န်ထမ်းများ ၊ ကုမ္ပဏီများမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

       အခမ်းအနားအစီအစဉ်အရ ကယားပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ က အဖွင့်အမှာစကား ပြောကြားခြင်း ၊ ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်း က တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း ၊ တင်ဒါအောင်မြင်သော ဆောက်လုပ်ရေးကုမ္ပဏီများနှင့် လုပ်ငန်း အပ်နှံခြင်းသဘောတူစာချုပ်များ ချုပ်ဆိုလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ပါသည်။

       ဆက်လက်၍ ကယားပြည်နယ်လူမှုရေးရာထူးချွန်ဆု(တတိယအဆင့်)ရရှိသော ပြည်နယ် ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်း အား ပြည်နယ်ဥပဒေချုပ်မှ ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း ၊ (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ဌာနဆိုင်ရာပြခန်းများခင်းကျင်းပြသရာတွင် ပြည်နယ်ဥပဒေချုပ်ရုံးပြခန်းအတွက် ကူညီထောက်ပံ့ပေးခဲ့သော အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခြင်း ၊ ဥပဒေချုပ်ရုံးပြခန်းတွင် တက်ကြွစွာတာ၀န်ထမ်းဆောင်ခဲ့ကြသော ပြည်နယ်အတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်မှ ဥပဒေအရာရှိများ ၊ ၀န်ထမ်းများအား ဂုဏ်ပြုချီးမြှင့် ခြင်းများ ပြုလုပ်ခဲ့ပါသည်။

       အခမ်းအနားအစီအစဉ်အရ ကယားပြည်နယ်လူမှုရေးရာထူးချွန်ဆု(တတိယအဆင့်)ရရှိသော ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်း က ကျေးဇူတင်စကားပြောကြားခြင်း ၊ ဥပဒေ ချုပ်ရုံးပြခန်းအတွက် ကူညီထောက်ပံ့ပေးခဲ့သော အလှူရှင်များကိုယ်စား Law Home Legal Organization မှ တာ၀န်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားအား နေ့လည်(၁၂:၀၀)နာရီ အချိန်တွင် ပြီးဆုံးခဲ့ကြောင်းသတင်းရရှိပါသည်။

 

(သတင်းစဉ်)