ကယားပြည်နယ်ဥပဒေချုပ်ရုံး ဥပဒေအရာရှိများနှင့် ရုံး၀န်ထမ်းများ၏ ဆန္ဒဖော်ထုတ်ခြင်းအစည်းအဝေး ကျင်းပပြုလုပ်

လွိုင်ကော်၊ ဇန်နဝါရီ ၃၁ ရက်

 

 

 

 

       ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ ကယားပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင်  ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်း မှ ကြီးမှူးကျင်းပသော ပြည်နယ်ဥပဒေချုပ်ရုံး ဥပဒေ အရာရှိများနှင့် ရုံး၀န်ထမ်းများ၏ဆန္ဒဖော်ထုတ်ပွဲအစည်းအဝေး(၁/၂၀၁၉)ကို (၃၁-၁-၂၀၁၉) ရက်နေ့၊ မွန်းလွဲ(၃:၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်း မှ အဖွင့်အမှာစကားပြောကြားခြင်း ၊ မိမိလက်အောက်ရှိ ၀န်ထမ်းများ၏ အခက်အခဲ များကို ရဲဝံ့စွာတင်ပြကြရန် ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ ကယားပြည်နယ်ဥပဒေချုပ်ရုံးရှိ ဥပဒေအရာရှိများ ၊ ၀န်ထမ်းများမှ မိမိတို့၏ အခက်အခဲများအား တင်ပြဆွေးနွေးခြင်း ၊ ကယားပြည်နယ်ဥပဒေချုပ်ရုံးမှ ဌာနခွဲစာရေး ဒေါ်တင်မြာမော် မှ (၂၉-၁-၂၀၁၉) မှ (၃၀-၁-၂၀၁၉) ထိ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် မော်ကွန်းနှင့် မှတ်တမ်းထိန်းသိမ်းမှုသင်တန်းတက်ရောက်ခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းခြင်း ၊ မီးဖွားခွင့်ခံစားမည့် အငယ်တန်းစာရေး ဒေါ်ကလဲရစ်အိုးရှင်း အား ထောက်ပံ့ငွေပေးအပ်ခြင်း ပြုလုပ်၍ အစည်းအဝေးကို မွန်းလွဲ(၄:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

(သတင်းစဉ်)