ဘားအံကွန်ပျူတာတက္ကသိုလ်ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်း (Public Talk) အခမ်းအနားကျင်းပ

ဘားအံ၊ ဒီဇင်ဘာ ၂၁

၂၁.၁၂.၂၀၁၈ ရက်နေ့ နေ့လယ်(၁:၀၀)အချိန် ဘားအံကွန်ပျူတာတက္ကသိုလ်ခန်းမ၌ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနား ကျင်းပခဲ့ရာ ဘားအံခရိုင်ဥပဒေရုံး၊ ခရိုင်ဥပဒေအရာရှိ ဦးစောစံဝင်းမှ ပါဝင်ဆွေးနွေးခဲ့ပြီး ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ (၄၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)