ပြည်ထောင်စုရှေ့နေချုပ် နှင့် တိုင်းဒေသကြီး ၊ ပြည်နယ်ဥပဒေချုပ်များ ၊ တိုင်းဒေသကြီး ၊ ပြည်နယ်ဥပဒေအရာရှိများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့် ရှင်းလင်းခြင်း အခမ်းအနားကျင်းပပြုလုပ်

ကချင်ပြည်နယ်၊ ဒီဇင်ဘာလ ၇

 

     နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုရှေ့နေချုပ် နှင့် တိုင်းဒေသကြီး ၊ ပြည်နယ် ဥပဒေချုပ်များ ၊ တိုင်းဒေသကြီး ၊ ပြည်နယ်ဥပဒေအရာရှိများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲအား ထပ်ဆင့် ရှင်းလင်းခြင်း အခမ်းအနားကို ၃.၁၂.၂၀၁၈ ရက်နေ့ နံနက် ၈:၃၀ နာရီ အချိန်တွင် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ် ဥပဒေချုပ်ရုံး၏ ကြီးကြပ်မှုအောက်ရှိ ပြည်နယ်/ခရိုင်/ မြို့နယ်ဥ​ဒေရုံးများမှ ဥပဒေအရာရှိများအား ထပ်ဆင့် ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ဥပဒေအရာရှိ (၄၅)ဦး တက်ရောက်ခဲ့ပြီး ကချင်ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့မှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အတွေ့အကြုံကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ခရိုင်/မြို့နယ်များမှ ဥပဒေအရာရှိများက လုပ်ငန်းလိုအပ်ချက်များကို တင်ပြ ဆွေးနွေးခဲ့ရာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းစဉ်