အမျိုးသမီးများနှင့် မိန်းကလေးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုဝင်ဘာ(၂၅)ရက်မှ ဒီဇင်ဘာ(၁၀)ရက်နေ့အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအစီအစဉ်အား နေပြည်တော်အမျိုးသမီးကော်မတီဝင်များနှင့် ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း(နေပြည်တော်)တို့ ပူးပေါင်း၍ အမျိုးသမီးများနှင့် မိန်းကလေး များအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် (၁၆)ရက်တာ လှုပ်ရှားမှုအသိပညာပေး ဟောပြောပွဲအား တပ်ကုန်းမြို့နယ်ဥပဒေရုံးမှ ဒု-မြို့နယ်ဥပဒေအရာရှိ ဒေါ်တင်လဲ့လဲ့ဝင်းက ၂-၁၂-၂၀၁၈ ရက်နေ့တွင် ဒဟက်ကုန်းကျေးရွာ၌လည်းကောင်း၊ ဇမ္ဗူသီရိ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ဘိုဘိုက ၄-၁၂-၂၀၁၈ ရက်နေ့တွင် မြို့မစျေးဓမ္မာရုံ၌ လည်းကောင်း၊ ဥတ္တသီရိမြို့နယ်ဥပဒေအရာရှိ ဦးရဲမိုးလှိုင်က ၄-၁၂-၂၀၁၈ ရက်နေ့တွင် မိုးစွေ အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း၊ အသီးသီးဟောပြောခဲ့က​ြကြောင်း သိရှိရပါသည်။

(သတင်းစဉ်)