တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များဆွေးနွေးပွဲနှင့် ဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပ

ဘားအံ၊ အောက်တိုဘာ ၁၆

 

     (၁၆.၁၀.၂၀၁၈) ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်၌ ဘားအံပညာရေးကောလိပ်ခန်းမတွင် ကျင်းပပြုလုပ်သော တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များဆွေးနွေးပွဲနှင့် ဥပဒေအသိပညာပေး ဟောပြောပွဲတွင် အဖွဲ့ဝင်များနှင့် ကရင်ပြည်နယ်ဥပဒေအရာရှိဦးရဲလွင်တို့မှ တက်ရောက်ဟောပြောခဲ့ရာ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ အင်အား(၄၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)