ကရင်ပြည်နယ်၊ သူနာပြုသင်တန်းကျောင်း ဘားအံမြို့၌ပြုလုပ်သော ပထမအကြိမ် သူနာပြု-သားဖွား ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားတက်ရောက်

ဘားအံ၊ အောက်တိုဘာ ၃၀

     (၃၀.၁၀.၂၀၁၈) ရက်နေ့ နံနက်(၉:၀၀)အချိန် ကရင်ပြည်နယ်၊ သူနာပြုသင်တန်းကျောင်း ဘားအံမြို့၌ပြုလုပ်သော ပထမအကြိမ် သူနာပြု-သားဖွား ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး တက်ရောက်ခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆေးရုံကြီးမှ ဆရာကြီး၊ ဆရာမကြီးများ၊ သူနာပြု-သားဖွား သင်တန်းသား/သူများ အင်အား (၇၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)