ကယားပြည်နယ် ၊ ရှားတောမြို့နယ်တွင် ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရှားတော၊ အောက်တိုဘာ ၅

ကယားပြည်နယ် ၊ ရှားတောမြို့နယ်တွင် ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ(၅)ရက်နေ့တွင် ရှားတောမြို့နယ် ခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေး၏ဇနီး ဒေါ်နန်းစောခင်က စွန့်ပစ်ခံရင်ခွင်မဲ့ ကလေးငယ်များ စောင့်ရှောက်မှုရရှိစေရန်နှင့် ကာကွယ်တားဆီးရေးလုပ်ငန်းသည် အရေးကြီးကြောင်း ၊ ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကို ခရိုင်/မြို့နယ် အဆင့်များ ဖွဲ့စည်းမည်ဖြစ်ကြောင်းကိုလည်းကောင်း ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိန်စိန်မော် က ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဖွဲ့စည်းရခြင်းရည်ရွယ်ချက် နှင့် လုပ်ငန်းစဉ်များကိုလည်းကောင်း ၊ ပြည်နယ်ဥပဒေချုပ်ရုံး ၊ ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်းက အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများဥပဒေ ၊ နည်းဥပဒေများနှင့်ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြောရာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ၊ နိုင်ငံရေးပါတီဝင်များ ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀)ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရသည်။