ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်တွင် ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

          ဖရူဆို အောက်တိုဘာ ၁၀

           ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်တွင် ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေး အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ(၁၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်ခန်းမ၌ ကျင်းပ ရာ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှဆွေ၏ဇနီး ဒေါ်နန်းစောခင်က စွန့်ပစ်ခံရင်ခွင်မဲ့ကလေးငယ် များ စောင့်ရှောက်မှုရရှိစေရန်နှင့် ကာကွယ်တားဆီးရေးလုပ်ငန်းသည် အရေးကြီးကြောင်း ၊ ရင်ခွင်မဲ့ ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကို ခရိုင်/မြို့နယ် အဆင့်များဖွဲ့စည်း မည်ဖြစ်ကြောင်းကိုလည်းကောင်း ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိန်စိန်မော် က ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက် နှင့် လုပ်ငန်းစဉ်များကိုလည်းကောင်း ၊ ပြည်နယ်ဥပဒေချုပ်ရုံး ၊ ပြည်နယ်ဥပဒေအရာရှိ ၊ ဒေါ်လွင်လွင်သန်း က အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ၊ နည်းဥပဒေ များနှင့်ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြောရာ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၏ဇနီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဝင်များ ၊ နိုင်ငံရေးပါတီဝင်များ ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀)ခန့်တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။

သတင်းစဉ်