ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်တွင် ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ

ဒီးမော့ဆို အောက်တိုဘာ ၁၀

    ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်တွင် ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ(၁၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှဆွေ၏ဇနီး ဒေါ်နန်းစောခင်က စွန့်ပစ်ခံရင်ခွင်မဲ့ ကလေးငယ်များ စောင့်ရှောက်မှုရရှိစေရန်နှင့် ကာကွယ်တားဆီးရေးလုပ်ငန်းသည် အရေးကြီး ကြောင်း ၊ ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကို ခရိုင်/မြို့နယ် အဆင့်များဖွဲ့စည်းမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိန်စိန်မော်က ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ပြည်နယ်ဥပဒေအရာရှိ ၊ ဒေါ်လွင်လွင်သန်းက အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ၊ နည်းဥပဒေများ နှင့်ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြောရာ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ ၊ နိုင်ငံရေးပါတီဝင်များ ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀)ခန့်တက်ရောက်ခဲ့ ကြောင်းသိရှိရသည်။

သတင်းစဉ်