ကယားပြည်နယ် ၊ မယ်စဲ့မြို့နယ်တွင် ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မယ်စဲ့ အောက်တိုဘာ ၁၇

ကယားပြည်နယ် ၊ မယ်စဲ့မြို့နယ်တွင် ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ(၁၇)ရက်နေ့တွင် မယ်စဲ့မြို့နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှို၏ဇနီး ဒေါ်မြင့်မြင့်မော်က စွန့်ပစ်ခံရင်ခွင်မဲ့ကလေးငယ်များ စောင့်ရှောက်မှုရရှိစေရန်နှင့် ကာကွယ်တားဆီးရေးလုပ်ငန်းသည် အရေးကြီးကြောင်း ၊ ရင်ခွင်မဲ့ ကလေးများလျှော့ချရေး နှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကို ခရိုင်/မြို့နယ် အဆင့်များဖွဲ့စည်း မည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စိန်စိန်မော်က ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဖွဲ့စည်းရခြင်းရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ပြည်နယ်ဥပဒေအရာရှိ ၊ဒေါ်လွင်လွင်သန်း ကအမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ၊ နည်းဥပဒေများနှင့် ပတ်သက်၍ လည်းကောင်း အသိပညာပေးဟောပြောရာ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ဇနီးများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင် များ ၊ နိုင်ငံရေးပါတီဝင်များ ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀)ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်