ပြည်ထောင်စုရှေ့နေချုပ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် Ms.Christine Schraner Burgener နှင့်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၁၂

ယနေ့ မွန်းလွဲ ၁၄:၀၀ နာရီ အချိန်က ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner Burgener နှင့်အဖွဲ့အား ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပါသည်။

ယင်းသို့ လက်ခံတွေ့ဆုံ ဆွေးနွေးရာတွင် ရခိုင်ဒေသတွင် ဘာသာအချင်းချင်း ပဋိပက္ခ ဖြစ်ပွားခဲ့ရသည့်ကိစ္စများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် ဆောင်ရွက်နေမှုများ၊ အမုန်းစကား တားဆီးရေး ဥပဒေကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ရေးဆွဲဆောင်ရွက်နေမှု အခြေအနေများ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ သတင်းပေးသူ ကာကွယ်ရေး ဥပဒေ ပြဌာန်းရန် အခြေအနေများနှင့် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေအရ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဆောင်ရွက်နေသည့် ကိစ္စများကို နှစ်ဖက်ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊  ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါ်ခင်ချိုအုန်းနှင့် ဦးမင်းဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင် တို့လည်း တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်