နေပြည်တော်၊ဒက္ခိဏခရိုင် ဥပဒေရုံးသစ်ဖွင့်ပွဲကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁၀

     နေပြည်တော်၊ ဒက္ခိဏခရိုင်ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁၀:၀၀ ကအဆိုပါ ဥပဒေရုံးသစ်၌ ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဥပဒေအရာရှိများ နှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

     အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ်နှင့်် တက်ရောက်လာ သူများသည်သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်နာကြားခြင်း၊ သံဃာတော်များအားနေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်း ခြင်းတို့ပြုလုပ်ခဲ့ကြပြီးနောက် ဒက္ခိဏခရိုင်ဥပဒေရုံးဆိုင်းဘုတ်အား အမွှေးနံ့ သာရည်များဖြင့် ပက်ဖျန်း၍ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)